သတင်းနှ့င့်ရသစုံလင်
လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....
နည်းပညာများ
ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်
ဒေါင်းလုပ်သီချင်း
သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်
ဂီတစက်ခန်း
ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...
အွန်လိုင်းဂိမ်း
အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်
www.luckymyotaw.com သို့
Monday, July 15, 2013
Friday, May 24, 2013
ရေပေါ်၌ ရွေ့လျားသွားလာနိုင်သည့် လေယာဉ်ကွင်းများကို တည်ဆောက်နိုင်
ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့
ယာဉ်ရပ်နားစရာနေရာရှားပါးလာမှု ပြဿနာတွေကို ပြေလည်သွားအောင် ရေပေါ်မှာ
ရွေ့လျားသွားလာနိုင်တဲ့ လေယာဉ်ကွင်းတွေကို တည်ဆောက်ဖို့အတွက် အင်္ဂလန်သားတွေက
ကြိုးစားနေကြပါပြီ။ သိမ်းမြစ်ထဲမှာ မျောပါနေမယ့် အဲဒီလေယာဉ်ကွင်းတွေဟာ
ရေပေါ်မှာ အလွယ်တကူ လှုပ်ရှားသွားလာနိုင်မှာမို့ လေယာဉ်တွေအတွက်သာမက
ရေယာဉ်တွေအတွက်ပါ အဆင်ပြေတယ်။ ဘောရစ်ကျွန်း လေယာဉ်ကွင်းမှာ တည်ဆောက်ထားတဲ့
လေယာဉ်ပြေးလမ်းတွေနဲ့ ရထားလမ်းတွေကို မြို့တော်လန်ဒန်အထိပါ
သွားလာနိုင်အောင် ချိတ်ဆက်သွားမှာပါ။အဲဒီစီမံကိန်းသာ အကောင်
အထည်ပေါ်လာမယ်ဆိုရင် ရေပေါ်မှာ မျောပါနေတဲ့လေယာဉ်ကွင်း ကျွန်းမြောတွေဟာ
လူပေါင်း ၃၀၀၀၀၀ကျော်အတွက် စံပျော်ရာနေရာကြီး ဖြစ်လာတော့မှာပါ။အမဲလိုက်စစ် ခွေးစက်ရုပ် အမေရိကားမှတီထွင်
အမေရိကန်စစ်ဘက်ပစ္စည်း
ထုတ်လုပ်ရေးကုမ္ပဏီမှ စစ်ဘက်သုံးခွေးစက်ရုပ်နှစ်ရုပ်ကို
တီထွင်ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။ ထိုစက်ရုပ်များကို အမဲလိုက်ခွေးကြီးများ
ဟုခေါ်ဆိုပြီး ကြည်းတပ်သားများအတွက် ထောက်ပံ့မှုပေးရန် တီထွင်ခဲ့ခြင်းဖြစ်ကာ
မည်မျှမြေမျက်နှာပြင် ကြမ်းတမ်းသည်ဖြစ်စေ၊ စစ်သည်များအတိုင်း
လိုက်ပါသွားလာနိုင်ပြီး အလေးချိန် ပေါင်၄၀၀ အထိသယ်ဆောင်နိုင်ကာ
မိုင်၂၀ခရီးအထိ လောင်စာဆီထပ်မဖြည့်ပဲ သွားလာနိုင်သည်။ ယခုအခါ
ထိုစက်ရုပ်နှစ်ရုပ်အတွက် ဆက်သွယ်ရေးစနစ်များ ထပ်မံတပ်ဆင်သွားရန်
စီစဉ်လျက်ရှိပြီး ၎င်းမှာ သတင်းအချက်အလက်များကို ရေဒီယိုအော်ပရေတာမှ
တစ်ဆင့်ပို့ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။လက်နှစ်စလုံးမရှိသည့် သင်္ချာဆရာမ
ကိုအသုံးပြုပြီး စာသင်ကြားပြသနိုင်ခြင်းဖြင့် လူသားတွေအနေဖြင့် (ဆန္ဒရှိမယ်၊ ကြိုးစားမယ်ဆို
လျှင် ) ဘာမဆိုစွမ်းဆောင်ရရှိနိုင်ကြောင်း ကလေးများအား အားကျအတုယူနိုင်စေရန်၊ စိတ်ခွန်
အားများဖြစ်စေနိုင်ရန် ပြသခဲ့ ပါတယ်...
လိတ်ခ်ဝုဒ် အရပ်ရှိ၊ အိုဟိုင်ရို အလယ်တန်းကျောင်းတွင် သင်ကြားပြသနေသည့် မစ္စဂန်နွန်က
သူမရဲ့ ခြေချောင်းများကိုအသုံးပြုပြီး သင်ပုန်းပေါ်တွင်စာရေးခြင်း၊ ကွန်ပြူတာတွင်စာရိုက်ခြင်း
သင်ခန်းစာလေ့ ကျင့် ခန်းစာရွက်များအား ဝေငှခြင်းတို့ ကိုပြုလုပ်နိုင်ပါတယ်...
သင်္ချာနှင့် သိပ္ပံဘာသာရပ်များသင်ကြားပြသသည့် မစ္စဂန်နွန်ဟာ မက္ကစီကိုရှိမိဘမဲ့ ကလေး
ကျောင်းတစ်ခုတွင် ကြီးပြင်းလာခဲ့ ရတာဖြစ်ပြီး သူမအသက် ၇ နှစ်အရွယ်မှာ အိုဟိုင်ရိုဒေသမှ
မိသားစုတစ်ခုက မွေးစားခဲ့ တာဖြစ်ပါတယ်...
လက်မရှိလည်း ရှိတဲ့ ခြေထောက်ကိုရအောင်အသုံးပြုပါတယ်...
Inspiring: Mary Gannon, a science teacher who was born without arms, teaches students using her feet
ဆန္ဒနဲ့ လုံ့ လဇွဲဝီရိယသာရှိယင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ကလေးတွေအတွက် နမူနာ
ကောင်းတစ်ယောက်ဖြစ်ရတာမို့ သူမအနေနှင့် ဝမ်းသာပါတယ်...
Determined: She said she was glad to be a good example to students that they can achieve their dreams
လက်မရှိပေမယ့် လည်း ရှိတဲ့ ခြေထောက်နဲ့ ဖြစ်အောင်လုပ်လို့ ရပါတယ်...
" ဒါပေမယ့် လူတွေအနေနှင့် သူမကိုကြည့် ပြီး စိတ်ဓါတ်ခွန်အားတွေဖြစ်မယ်...သူတို့ ရဲ့ ဘဝ
တွေကိုပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်နိုင်မယ်ဆိုယင်တော့ သူမအနေနှင့် မသန်မ
စွမ်းလို့ ခေါ်ခံရလည်းကိစ္စမရှိပါဘူးလို့ သူမကဆိုပါတယ်..."
" ၎င်းတို့ အနေဖြင့် အခက်အခဲများကို အောင်မြင်အောင်ကြိုးပမ်းစွမ်းဆောင်နိုင်ကြောင်း မစ္စဂန်
နွန်က သက်သေပြခဲ့ ပါတယ်လို့ ကျောင်းသားများကဆိုပါတယ်..."
" သင်္ချာမတော်တဲ့ ကျွန်တော့် အတွက် သင်္ချာတော်အောင်၊ ပုစ္ဆာတွေကို ဖြေရှင်းတွက်ချက်နိုင်
အောင် ဆရာမက စိတ်ဓါတ်ခွန်အားတွေဖြစ်စေပါတယ်..." လို့ ၆ တန်းကျောင်းသား ဂျေဒင်ဂျွန်
ဆင် က မြေခွေးသတင်းဌာနကိုပြောပြခဲ့ ပါတယ်....
ဘာလိုအခြေအနေပဲဖြစ်ဖြစ်၊ ဘာကြီးပဲဖြစ်နေဖြစ်နေ သင်သာဆန္ဒရှိနေပါစေ ( ပြင်းပြတဲ့ ဆန္ဒ )
ဖြစ်အောင်လုပ်နိုင်တယ်ဆိုတာ သက်သေပါပဲ လို့ လည်း ၈ တန်းကျောင်းသော ကမ်ဘရီဂရစ်ဖင်
က လိတ်ခ်ဝုဒု ပက်ခ်ျ သတင်းကိုပြောကြားခဲ့ ပါတယ်...
ယခင်နှစ်ကတော့ ဒီကျောင်းမှာ ယာယီအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ ပြီး ယခုအခါတော့ 
အချိန်ပြည့် ဝန်ထမ်း ( ကျောင်းဆရာမ ) ဖြစ်ခဲ့ ပါပြီ....
Top teacher: She began working at the school last year as a substitute but now has a full time position
ကားလိုင်စင်နံပါတ်ပြားကိုက ပျော်ရွှင်နေတဲ့ ခြေထောက်တစ်စုံ...လို့ အမည်ရပါတယ်...
Proud: The number plate on Ms Gannon's car reads 'Happy Feet'
ဟာ့ ဒင်း အလယ်တန်းကျောင်းမှ ဆရာများကတော့ မစ္စဂန်နွန်ဟာ ကျောင်းသားတွေအတွက်
တော့ စံပြနမူနာပါပဲဆိုတာ သဘောတူညီကြပါတယ်...
" သူမတောင်ဖြစ်အောင်လုပ်နိုင်ယင် ငါလည်းဖြစ်အောင်လုပ်နိုင်ရမှာပေါ့ ဆိုတာ လူတိုင်းတွေး
နိုင်ပါတယ်..." လို့ လက်ထောက်ကျောင်းအုပ်ကြီး ဂျိုးတက်ကက် ကပြောကြားခဲ့ ပါတယ်...
by kopeter
ဂင်းနက်စ်စံချိန်ဝင်သွားတဲ့ ကမ္ဘာ့အကြီးဆုံး နံရံပေါ်ကပန်းဥယျာဉ်
နံရံကိုအလှဆင်ထားတဲ့
နေရာမှာတော့ ကမ္ဘာ့အထူးဆန်းဆုံး နေရာတစ်ခုလို့ ဆိုရပါမယ်။ အီတလီနိုင်ငံ
မီလန်ဒေသအနီး ရော်ဇာနိုးမြို့အနီးက ဈေးဝယ်စင်တာကြီးတစ်ခုရဲ့ နံရံကြီးပေါ်မှာ
ဆန်းပြားတဲ့စိတ်ကူးတွေနဲ့ သူမတူအောင် ကြိုးစားဖန်တီးထားတာကတော့
ကမ္ဘာ့အကြီးဆုံးနံရံပေါ်က ပန်းဥယျာဉ်လို့ ခေါ်ဆိုလိုက်တဲ့ ဖီရော်ဒါလီဆို
စီးပွားရေးအဆောက်အအုံကြီးရဲ့ နံရံပေါ်မှာ စိုက်ပျိုးထားတဲ့
ပန်းဥယျာဉ်ကြီးပဲဖြစ်ပါတယ်။ အကျယ်စတုရန်းပေ ၄၄၅၇၀ခန့်ရှိတဲ့
ထိုပန်းဥယျာဉ်ကို စက်တင်ဘာ၁၇ရက်နေ့က ကမ္ဘာ့အကြီးဆုံးနံရံပေါ်က
ဥယျာဉ်ကြီးအဖြစ် ဂင်းနက်စ်မှတ်တမ်းဝင်ဖြစ်ခဲ့ပါတယ်။ထိုဥယျာဉ်ကြီးထဲမှာတော့
သစ်ပင်ပေါင်း ၄၄,၀၀၀ပကျော်နဲ့ ပန်းမန်ပေါင်း ၂၀၀ကျော်ကို ဥယျာဉ်မှူးတွေက
ပိုးမွေးသလို တယုတယ ဂရုတစိုက် စိုက်ပျိုးထားကြတယ်လို့ သိရပါတယ်။by swesonemedia
ကမ္ဘာ့အကြီးဆုံး ကြက်သွန်ဥကြီး
ပုံမှန်အခြေအနေမှာ
ကြက်သွန်ဥတစ်လုံးသည် ကြက်ဥတစ်လုံးပမာဏမျှသာ ရှိသော်လည်း
ယခုဖော်ပြပေးလိုက်သည့် ကြက်သွန်ဥကြီးမှာ သာမန်ကြက်သွန်ဥများနှင့် မတူဘဲ
တစ်မူထူးခြားစွာ အရွယ်အစား ကြီးမားလွန်းလှသည်။ ယင်းမှာ၁၈ပေါင်ကျော်မျှ
လေးလံလှသောကြောင့်လည်း ဂင်းနက်စ်မှတ်တမ်းကပင် ကမ္ဘာ့စံချိန်တင်ပေးလိုက်ရသည်။
အင်္ဂလန်နိုင်ငံ နော်တင်ဟမ်ရှိုင်းယားပြည်နယ်မှ စိုက်ပျိုးရေးလုပ်သားကြီး
ပီတာကသူ့ဥယျာဉ်မှာ ယင်းကြက်သွန်ဥကြီးကို ပြုစုပျိုးထောင်ပေးခဲ့သည်။ လုပ်သက်
နှစ်၃၀ကျော်အတွင်းမှာ ယင်းသို့စံချိန်တင်
ကြက်သွန်ဥမျိုးကိုမတွေ့ဖူးကြောင်း ပီတာကပြောပြသည်။by swesonemedia
ရှားပါးကျောက်တုံးများဖြင့် ဖန်တီးထားသော ဟင်းလျာများ
တရုတ်နိုင်ငံအလယ်ပိုင်းရှိ
ဟေနန်ဒေသ၏ နန့်ယန်းပြတိုက်တွင် ရှားပါးကျောက်တုံးများဖြင့်
ဟင်းလျာမျိုးစုံကို ပုံဖော်ထားသော ဟင်းခွက်များစွာကို ပြသသည့်
ထူးခြားသည့်ပြပွဲတစ်ရပ် စက်တင်ဘာ၂၂ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆန်နှင့်တူသော ကျောက်စရစ်ခဲများဖြင့် ပုံဖော်ထားသည့် ထမင်းပန်းကန် အပါအ၀င်
ဟင်းလျားပေါင်းများစွာကို ကျောက်တုံးကျောက်ခဲများဖြင့်
ဖန်တီးထားကြောင်းသိရသည်။ ဟေနန်ဒေသခံများအပါအ၀င် ကမ္ဘာလှည့်ခရီးသည်များမှ
ထိုပြပွဲကိုစိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။by swesonemedia
ကမ္ဘာ့သက်တမ်းအရင့်ဆုံးကား ပေါင်သုံးသိန်းဖြင့် လေလံတင်ရောင်းချမည်
ကမ္ဘာ့
သက်တမ်းအရင့်ဆုံး ကားဖြစ်သော အင်္ဂလန်နိုင်ငံဖို့ဒ်ကား
ကုမ္ပဏီမှထုတ်လုပ်သည့်ကားကို ယခုစက်တင်ဘာအတွင်း ကြမ်းခင်းဈေး
စတာလင်ပေါင်သုံးသိန်းဖြင့် လေလံတင် ရောင်းချသွားမည်ဖြစ်သည်။
၁၉၀၃ခုနှစ်နှင့် ၁၉၀၄ခုနှစ်အတွင်းက ထုတ်လုပ်ခဲ့သော
သက်တမ်း၁၀၉နှစ်ရှိပြီဖြစ်သည့် အဆိုပါဖို့ဒ်ကား၏ မော်ဒယ်အမည်မှာ
Chassis30ဟူ၍ဖြစ်ပြီး ၎င်းနှစ်အတွင်းက အစီးရေ၁၇၅၀စီး ထုတ်လုပ်ထားသော
ကားများထဲမှ ရှားပါးစွာ တစ်စီးတည်း ကျန်ရစ်သောကားလည်းဖြစ်သည်။ ၎င်းကားမှာ
ဖို့ဒ်ကားကုမ္ပဏီ၏ပထမဦးဆုံး ကားဒီဇိုင်းလည်းဖြစ်ပြီး
စတင်ထုတ်လုပ်ရောင်းချစဉ်က အမေရိကန်ဒေါ်လာ ၂၂၃ဒသမ၆၅ဖြင့် ရောင်းချခဲ့ပြီး
တစ်နာရီလျှင် ၂၈မိုင်နှုန်း မောင်းနှင်နိုင်သော လူလေးယောက်စီး
ကားပုံစံအမျိုးအစားဖြစ်သည်။by swesonemedia
ကမ္ဘာ့အရှည်ဆုံးဆံပင်ပုံစံ ဂင်းနက်စ်မှတ်တမ်းဝင်
အမေရိကန်ပြည်ထောင်စု
နယူးယောက်မြို့ရှိ မြို့တော်ဥယျာဉ်တွင်ဂျပန်လူမျိုး ဒီဇိုင်နာကာဇူဟီရိုက
သူ၏ရှည်လျားလှသော ဆံပင်များထောင်ထားသော ဆံပင်စတိုင်ကို ပြသခဲ့ရာ
ကမ္ဘာ့အရှည်ဆုံး ဆံပင်ပုံစံအဖြစ် ဂင်းနက်စ် စံချိန်တင်နိုင်ခဲ့လေသည်။
အဆိုပါဒီဇိုင်နာက သူဤကဲ့သို့ ဆံပင်ပုံစံထားနိုင်ရန် သူ၏ဆံပင်အား၁၅နှစ်ကြာ
မညှပ်ဘဲ ထားခဲ့ရသည် ဟုဆိုသည်။by swesonemedia
လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အရှည်ဆုံးမြွှေကြီး
အမေရိကန်ပြည်ထောင်စု
ကန်ဆက်စီးတီးမြို့တွင် မစ္စတာအက်ဂါဆိုသူ မွေးထားသော အရှည်၂၅ပေရှိသည့်
စပါးကြီြးွေမကြီးမှာ လူသားတို့မွေးထားပြီး လူတို့နှင့်အတူတူနေသော
ြွေမများထဲတွင် အကြီးဆုံြးွေမအဖြစ် ဂင်းနက်ကမ္ဘာ့စံချိန် စာအုပ်တွင်
မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ မစ္စတာအက်ဂါမှမီဒူဆာဟု အမည်ပေးထားသည့်
ဧရာမစပါးကြီြးွေမကြီးကို ၎င်ြးွေမအသက်၈နှစ်နှင့် ၂၄လက်မအရွယ် ရှိစဉ်ကတည်းက
မွေးမြူလာခဲ့ပြီး ယခုအခါ ၂၅ပေအထိ ရှည်လျားလာပြီး ပေါင်၃၀၀ ကျော်လေးကာ
သူကိုချီမရန်အတွက် အနည်းဆုံး လူ၂၅ ယောက် အတူတကွချီမမှ ရနိုင်မည်ဖြစ်သည်။
ဂင်းနက်စ်ကမ္ဘာ့စံချိန် စာအုပ်မှ လူသားတို့နှင့် အတူနေထိုင်သည့်
ကမ္ဘာ့အကြီးဆုံြးွေမကြီးအဖြစ် မီဒူဆာကို အတည်ပြုပေးခဲ့ပြီး
၎င်ြးွေမကြီးမှာ၂၀၁၃ခုနှစ်ထုတ် ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်တွင်
ပါလာမည်ဖြစ်သည်။ ယခင်ကထိုကဲ့သို့ လူသားတို့နှင့်အတူနေသည့်
ကမ္ဘာ့အကြီးဆုံြးွေမမှာ ကိုလံဘတ်တိရစ္ဆာန်ရုံမှ ဖြစ်ပြီး၎င်ြးွေမ
အသက်၁၈နှစ်နှင့် ၂၄ပေအရှည်တွင် သေဆုံးခဲ့ပြီးဖြစ်သည်။by swesonemedia


















